ခိုးရာလိုက်စဉ်တုန်းက
ကျောပိုးအိတ်ကလေး ကို
ဇစ်ဖွင့်သံ ကြားရတယ်။
အမေ့ ရဲ့ ဆွမ်းထချက်သော
မီးခိုးငွေ့ကြားမှာ
နှာသီးဖျားလေး အတွက်
စိုးထိတ်နေခဲ့မိသေးရဲ့လေ …
တစ်သက် တစ်မင်္ဂလာပါကွယ် …။
စောင်လွတ်နေတဲ့ သား’ ကို
ချည်ထည်ကလေး ထူထဲပေးလိုက်ရမှာတောင်
မင့် သက်ပြေသက်ညွှန်းများ
အကျအပေါက် မတဲ့ ဖြစ်မသွားစေလိုစိတ်နဲ့
တိုးတိတ်နေလိုက်ပါရဲ့ …
ခွင့်လွှတ်ပါ နော် …
မင့် အိပ်မက်ထားသလောက်
မီးရှူးတန်ဆောင် မှာ
ငါ့ ထွက်သက်က ပျ တဲ့ အလင်းက
မှိန်ဖျော့လျော့တော့ နေခဲ့တာကို ပေါ့ …
လက်မပြ နှုတ်မဆက် သွားခြင်းအပေါ်လည်း
ကျေးဇူးတင်မိပါရဲ့ …
မနက်ဖြန် လို့
မင်း တွေးထားတဲ့ အခု မနက် မှာ
လွမ်းဆွတ်ခြင်း နဲ့ အတူ
ဒါဟာ …
ညလို့ပဲ ယူဆလိုက်ပါတော့တယ် ။
30th NOVEMBER 2009
Tags: POEMS

