MONOLOUGE – V

2009
11.30

မင့်ဝိဥာဉ် နဲ့ မှော်ဝင်စေခဲ့တဲ့ အိပ်မက်ရာသီ ဟာ ပြီးဆုံးသွားခဲ့ပါပြီလား… ။

ငါ့ကို ထပ်ပြီး ခြောက်လှန့်လှည့်ပါဦးတော့ … ကဝေပျိုမလေးရေ …။

စူးရဲတဲ့ အလင်းတို့ နဲ့ ငါ့ စိတ်ကူးတချို့ကို တခဏ ဖြစ်တည်ခွင့်တွေ ပေးလှည့်ပါဦးကွယ် ။ အဲဒီ့ စိတ်နှလုံး ရင်ခုန်

တက်ကြွမှုတွေက ငါ့ကို သေသွားစေဦးမယ် ဆိုရင်တောင် မင့် ပြုစားမှု ကကြိုးထဲမှာ အသက်ဓာတ် နဲ့ အမျှ

မျောလွင့်နေချင်လှပါသေးတယ် ။


မှော်ဆရာမလေးရေ …

လ” သာတဲ့ ကောင်းကင်ဆီက ကြယ်တွေကို ကြွေစေတတ်သလို ငါ့ အနာဂါတ်အတွက် စိတ်ခွန်အားမွေးဖွားခြင်း

မှာ မင့်ကသာ အထွတ်အမြတ် ဖြစ်ပါတော့တယ် ။ မင့်စိတ်ကြိုက် တန်ဆာဆင် မောင်းနှင်မယ့် ရထားမှာ ငါက

မြင်းရိုင်းတွေ နေရာမှာ ရှိမယ့်သူ ပါ ။ ငါ့ ခွန် ငါ့ အား နဲ့ မင့်ကို အောင်ပွဲတွေ ဆီ သွားဖို့ ကူညီလိုပါတယ် ။


ဒီ ဆန္ဒတွေ အတွက် ငါ့ကို ကြိုးတပ်မောင်းနှင်ဖို့ရာ ငါ့ထံ ပြန်လာပေးပါ ။ ငါ့မှာ မင့်ကို ပေးအပ်မယ့် ဆုလာဘ်

အဖြစ် နှလုံးအိမ် တပြင်လုံး ကြိမ်မီးအုန်းသလို လတ်လတ်ဆတ်ဆတ် ၊ သင်းသင်းပျပျ ထားရှိထားပါတယ် ။ မင့်

အလိုရှိသမျှ ငါ့ကို ခိုင်းစေညွှတ်တွားစေပြီး တဲ့အခါ ငါ့ နေ့ ညတို့ရဲ့ မျက်ရည်များ နဲ့ ဖန်တီးအပ်သော ၀ိုင်ရည်ချိုမြ

ကိုလည်း သောက်သုံးချင်မိရင် သောက်သုံးလိုက်ပါဦးတော့ … ။

မင့် စိတ်ကလေး တဒင်္ဂ ထူးမြတ်စေဖို့ ငါ့ဘ၀ ငါ့ခန္ဓာ ငါ့ကံကြမ္မာ တကိုယ်တာလုံး မင့်ခြေတော်ရင်းဆီ ငါကတော့

ထိုးအပ်လိုက်ပါပြီ ။ မင့် အပေါ် ဒီလောက်အထိ မြတ်မြတ်နိုးနိုး ဖြစ်စေမိလို့လည်း တကိုယ်ရေတကာယ ရပ်တည်

နေထိုင်ရတာ ခက်ခဲရပြီ ။ ငါ့ အနား မင်းမရှိမှတော့ ငါ့ ပိုင်ဆိုင်သမျှ ငါ့ အသက် ဆိုတာတောင် ပြည့်ပြည့်၀၀

မရှိတော့သလို …။


ကောင်မလေးရေ … မင့်ကြောင့်သေဆုံးရမယ် ဆိုလည်း အခုပဲ သေဆုံးလိုက်ချင်ပြီကွယ် ။ မင့်ကို

လွမ်းလွန်းလှလို့ တရိရိ နဲ့ ဆွေးမြေ့ကြေကွဲနေရတာ ငါ့မှာ သေကောင်ပေါင်းလဲ နိုင်လွန်းတော့လည်း ဘာကိုမှ

စိတ်ပါလက်ပါ မလုပ်နိုင်။ အာရုံခံစားမှု ဆိုတာတွေ မပါဘဲ ရိုဘော့ (Robot) ဆန်ဆန် လှုပ်ရှားရုန်းကန်မှုများနဲ့ပဲ

ရှင်သန်လည်ပတ်နေရတာ ရုပ်ဒြပ်ဆန်လွန်းလှပါတယ် ။


နှစ်ပေါင်း ဘယ်လောက်ကြာကြာ… မင့်ဆီက ပြန်ပေးအပ်လာမယ့် “ နှုတ်ခမ်း အနမ်း တို့ နဲ့ ငါ့ ၀ိဥာဉ်ကို လှုပ်နှိုး

တံပိုးခရာသံများနဲ့ ဆူဝေဖျတ်လတ်စေတော့မယ့် အချိန်” ဆိုတာကို နေ့တဓူဝ ငါက မျှော်လင့်နေမိပါတယ်။

အကြင်နာတရား ဟာ ဘယ်လောက်အထိ နူးညံ့သိမ်မွေ့မှန်း မင်းက ငါ့ကို သိစေခဲ့ပြီပဲလေ …။


အခု… ငါက အဲဒီ့ အကြင်နာတရားကို ငတ်မွတ်မိလို့ အခြားသောအရာများကို လျစ်လျူရှု ၊ လွမ်းတယ် ဆိုတဲ့

အသံတစ်ခု နဲ့ ပဲ နားအစုံ ရဲ့ နံရံကို ညံနေစေခဲ့ပါတယ်။ မင့်ထံက တစ်ချက်တစ်လေ ငဲ့ကြည့်တာလေးမှ

မရတော့ရင် အမေပြောသလို စိတ် နဲ့ ကိုယ် အိုးစားကွဲမြည်လား မသိ :D


အမှန်တကယ်ပဲ သတိရ တမ်းတနေမိပါတယ် ချစ်သူရယ် …

ပဉ္စလက် မြို့ရိုးတွေ ၊ တောရိုင်းဆန်ဆန်ညတွေ ၊ သင်္ချိုင်းမြေက လေထုတွေ… လို ငါ့ နေ့ညတို့ဟာ ခြောက်သွေ့

နေပါပြီကောလေ …။ မင့် မာယာတွေ နဲ့ ထုံမွှမ်းရလောက်အောင် ထိုက်ထိုက်တန်တန် ရိုးအခဲ့လေတဲ့ ငါ့ကို

သတိရသေးတဲ့အခါ ပြန်လာကြည့်ပါ ။ မင့် အောင်မြင်မှု အတွက် ၊ မင့် လှည့်စားနိုင်မှု အတွက် ဂုဏ်တင်စရာ

တစ်ခုဖြစ်ဖြစ် … ပေါ့ ။

25th MAY 2007

  • Share/Bookmark

Tags: ,

Your Reply