လွန်ခဲ့သော တစ်လ …

2009
11.30

မှတ်မှတ်ရရ … နှစ်ရက်လောက် Site Downသွားတဲ့ အခြေအနေ နဲ့ ကြုံခဲ့ရပါတယ် ။

ကျွန်တော်ကပဲ ကံကောင်းမှုတွေ သိပ်များနေလို့လား မသိဘူး ။ :D

အဆင်တပြေ နေ့တွေချည်း ဆက်တိုက်ကြုံနေရာက ဒီလိုမျိုး ကြုံလိုက်ရတော့ တစ်ခါတစ်ခါ တွေးလေ့ ရှိသလို

ဒုက္ခ ဆိုတဲ့ ကောင်ဆိုးလေးတွေ အစု နဲ့ အဖွဲ့နဲ့ လာတော့လေမလား ရယ်လို့ တွေးပြီး လန့်မိပါရဲ့ …။ :(

ခုတော့ Blog ကို ပြန်ဖွင့်လို့ ရတဲ့ ပထမဆုံး အထိမ်းအမှတ် နဲ့ ရော …

ဒီနေ့ အတွက် နောက်ထပ် ထူးထူးခြားခြား ဖြစ်ရပ်တစ်ခု အနေ နဲ့ ပါ

ကဗျာတစ်ချို့ကို ဆက်တိုက်လို ဆက်ရေးဖြစ်လိုက်တဲ့ အခိုက်အတန့်လေးအတွက် အမှတ်တရ

ဒီ ပို့စ်ကို တင်လိုက်ပါတယ် ခင်ဗျား …။

“လွန်ခဲ့သော တစ်လ …”

မလွမ်းရဘူး လို့ မပြောနဲ့

တစ်ခဏ ဖြစ်ဖြစ် တွေ့လိုက်မြင်လိုက်လိုတာလေးပါကွယ်

မကြာမကြာ ခွဲနေကြရမှာပါ …

မလွမ်းဆွတ်လိုက်ရမှာတော့ မပူပင်နေပါနဲ့

ငါတို့ … စ ” လှမ်းထားတဲ့ လမ်းဆိုတာ …

ဝေတိေ၀၀ါး နိုင်ထားပုံ ကိုက

ခိုးခိုးပြီး ရှိုက်သွင်းထားရတဲ့ အသက်ဓာတ် လို

လရောင်ထဲ က အနမ်း မျိုး …။

1:00 PM 30th November 2009

တစ္ဆေကြီးများနေ့

တစ္ဆေကြီးများ နေ့တဲ့…ကွယ် …။

ငါ့မှာ …

နာနာဘာဝ ၊ ၀ိနာဘာဝ

ဘယ် ပရလောကသားမှတော့ မတွေ့ခဲ့ မမြင်ခဲ့မိပါဘူး ။

သူမပေးတဲ့ “အကြင်နာ” ဆိုတာနဲ့

နှလုံးခုန်သံ တစ်ချက်ကြားတိုင်း

လွမ်းဖို့ အသင့်ဖြစ်နေသော ဥာဉ်” ဖြစ်အောင်ပဲ

ခြောက်လှန့်ခံခဲ့ရတာ ။

1:16 PM 30th November 2009

လုပ်စရာ ရှိတာ ဆက်လုပ်ပါ တဲ့ …

သတိရခြင်း အရောင်နဲ့

လွန်းထိုးထားတဲ့ နေရောင်ခြည် မနက်ပေါ့ကွယ် …

ဘယ် အသွေးအတောင် နဲ့ မှ ငါ့ကို… မသွေးဆောင်လိုက်ကြပါနဲ့ လေ…

ငါ့ ရင်ခုန်ခြင်း နဲ့ ငါ အကျအပေါက် မှန်ဖို့တောင်

သူမကို လွမ်းဆွတ်ခြင်းကပဲ လာလာထိပါးနေပြန်လို့ …။

1:31 PM 30th November 2009

  • Share/Bookmark

Tags: , ,

One Response to “လွန်ခဲ့သော တစ်လ …”

  1. amt says:

    ခင်ဗျား site down တာ ကိုယ်ဟာကိုကြောင့်နော်။ ကျွန်တော်နှင့် မဆိုင်ဘူး။

    ဒါနဲ့ ဟိုနေ့က ကျွန်တော် ခရီးသွားတုန်း server ၁ ရက်ကျော် down သွားလို့

    တော်တော် တင်းနေတယ်ဗျ။

    ခင်ဗျားကလဲ ကောင်းကောင်း မကြည့်ထားပေးဘူးဗျာ…

Your Reply