မင့် နဲ့ အတူ ရှိတဲ့ တစ်ရက်လောက် ထပ်လိုချင်

2009
11.28

နှစ်နှစ်ကာကာကြီး

ငိုင်တွေငေးမောမိ

စိတ်လိုလက်ရ ရှိသမျှ ဆန္ဒအားလုံး တို့လည်း

ကုန်ဆုံးလွန်မြောက်လို့ …

ည … မှာ

အိပ်ပျော်ဖို့ရာပဲ ဖြစ်ချင်

အိပ်မက်တွေကိုသာ ဆန့်ကျင်လို့ မရ ။

အဲဒီ့ အိပ်ရာထက်မှာပါပဲလေ …

ငါက မင့် အရိပ်အရောင်တွေဆီ ပြန်ငေးလို့ …

တကယ်ပဲ နှုတ်က ပြောပြလောက်စရာ မရှိတော့သလို

အသံတို့ …ငြိမ်ဆိတ်

မင်း ရှိနေသေးဖို့ အတွက်ရာ မြည်တမ်းမိ

စိတ်အာရုံမှာလည်း

မင်းက နီးနီးနားနား မှာပဲ ရှိနေသေးရဲ့ …ထင်

မင်း သိထားသမျှထက် ငါက မင်းကို ပိုလို့ မြတ်နိုးမိ

မင်းထွက်သွားမှာမျိုး ဖြစ်မလာဖို့ပဲ ဆုတောင်းထားခဲ့

ငါ့မှာ

မင့် နဲ့ အတူရှိသောတစ်ရက်လောက် ထပ်လိုချင်

အဲဒီ့ ထပ်တူ …

မင်းလည်း ဘာကို မှန်းရီ နေလိမ့် ဆိုတာ သိနေမိပြန်

နေ့တိုင်း နေ့တိုင်း

ငါက မင့်အပေါ် ပိုပို လွမ်းလာရ

ငါတို့ကြားမှာလည်း ပြောပြစရာတွေ က

အများများ အထွေထွေကို ရှိနေပြန်

ငါက မင်းကို ထပ်ပြီး တွေ့ရဦးမယ် ရယ်လို့ တော့ သိပါရဲ့ …

ဒါပေမင့် …

ငါ့ နိဒါန်း ဆိုတာတွေက အခုမှ အစပြုမိတယ် ဆိုရုံလေး …။

7th AUGUST 07

TRANSLATED BY

  • Share/Bookmark

Tags: ,

One Response to “မင့် နဲ့ အတူ ရှိတဲ့ တစ်ရက်လောက် ထပ်လိုချင်”

  1. အောက်ဆုံး နှစ်ပိုဒ်လေးကို ကြိုက်တယ်ဗျ။ သူငယ်ချင်းတွေကို ပို့လိုက်ဦးမယ်နော။

    (ခွင့်တောင်း အသိပေးသွားတယ်လေ)

Your Reply