သူမဟာ
လှပတိမ်းမူးခြင်းမှာ လမ်းသလားနေရဲ့ …
ကြယ်စင်ကောင်းကင်တွေ နဲ့ တိမ်ပြင်မဲ့ရာသီတွေရဲ့ ညလို …
အမှောင်ပိန်းပိန်း နဲ့ အလင်းဖြာဖြာဝေ
နက်မှောင်သော တောက်ဖြာဝေမှု အားလုံး …
သူမ ရဲ့ သွင်ပြင်လက္ခဏာ
သူမ ရဲ့ မျက်လုံးတွေမှာ တွေ့ရ
ကောင်းကင်ဘုံကနေ သာယာသောနေ့ အဆုံးတွေဆီ အထိ
ကြင်နာသွားမယ့် အလင်းမျိုး …
အဲဒီ့မှာ ရွှန်းရွှန်းလက်ထ …။
တစ်မျိုးသော ရောင်စဉ် ပါးလျလေ …
တချို့တချို့ကတော့ အမည်ပေးလို့ မရတဲ့
တင့်တယ်ပြေပြစ်မှုကို လျော့ပေါ့စေ …
ဆံနွယ် ဖျော့အိတိုင်းမှာလည်း လှိုင်းတွေရှိသလို …
အဲဒီ့လို သူမမျက်နှာထက်မှာ
ညံ့သက်တဲ့ အလင်းနုတစ်မျိုး သိုင်းယှက်ထားရဲ့ …
အတွေးတို့ တိုးတိတ်တိမ်းမူးစွာ ရွေ့လျားရာအတိုင်း …
ဘယ်လောက် ရိုးစင်း …
ဘယ်လောက် နှစ်လိုဖွယ်ရာ …
အဲဒီ့ ဖူးရွနုသစ်မှုတို့ တည်မှီရာနေရာ …
အဲဒီ့ ပါးပြင်ထက်မှာပဲ
အဲဒီ့ မျက်နှာပြင်ထက်မှာပဲ
သိမ်မွေ့လွန်း … ချမ်းအေးလွန်းနေပြန် …
အငြိမ်ဆိတ်ဆုံးတော့လည်း မဟုတ် ။
အပြုံးတို့နဲ့ အနိုင်ယူ …
မှိုင်းရီညိုဝေပြီး ကျူးရင့် …
ဒါပေမင့် …
နုပျိုလန်းသစ်မှုတို့ လွန်မြောက်တဲ့နေ့တွေ အကြောင်း ပြောဖြစ်ရင်တောင်
အရာအားလုံးရဲ့ အနိမ့်အမြင့် နဲ့ တကွ
ငြိမ်းအေးတဲ့ စိတ်တစ်ခု …
ချစ်ခြင်းတရား နဲ့ ထုံးမွှမ်းထားရှိတဲ့ နှလုံးသားတစ်ခု …
ရိုးသားဖြူစင် ရှင်းသန့်နေတော့တာ …။ ။
24th JUNE 2007
THANSLATED BY
Tags: ENGLISH POEMS, TRANSLATION


