ငါ့ နှလုံသားက ရှိုက်ကြီးတငင်

2009
11.26

ငါ့ နှလုံးသားက ရှိုက်ကြီးတငင် ၊ အဲဒါ မင်းတော့ မကြားရ

ငါ့ နှလုံးသားက ကွဲကြေညက်မှုန် ၊ အဲဒါ မင်းတော့ မခံစားရ

ငါ့ ခန္ဓာ မင့်ထွေးပွေ့ယှက်သိုင်းခြင်းကို တောင့်တတဲ့အခါ

ငါ့ နှုတ်ခမ်းတို့က မင့် အနမ်းတွေဆီ မှန်းရီလို့ …

ငါ့ နားအစုံက ငါ့ကို မင်းချစ်တယ် ဆိုတာမျိုး

မင်းပြောလာမှာကို ကြားဖို့ လိုလားတဲ့ အခါ

ငါ့ မျက်လုံးတွေကလည်း

မင့် အပြုံး နဲ့ မင့်မျက်လုံးတွေ တောက်ပတာကို

အလွန်အမင်း မြင်ချင်မိပါရဲ့

ငါ့ ဘ၀ထဲမှာလည်း မင့်ကို ရှိနေဖို့ လိုအပ်နေဆဲ …

ငါ့ ကမ္ဘာ ဆိုတာက မင့် ရှိနေမှပဲ ပြည့်စုံမှာ ထင်ဆဲ …

ငါ့ အတွေ့အထိ အာရုံမှာ

ငါ့ နံဘေး မင့် လဲလျောင်းနေတုန်း ထိသိလှိုက်မောချင်တာမျိုး

ငါ့ ချစ်ခြင်းတရားက မင့်ဆီက တုံ့ပြန်မှုကို အထူးတလည်ပဲ ငတ်မွတ်နေ

ငါ့ နှလုံးသားက ငိုကြွေး ၊ ငါ့ နှလုံးသားမှာ ကွဲကြေရလိမ့်

ငါ့ ခန္ဓာမှာ ခြေညောင်းလက်ဆန့် လုပ်ရတော့မလို ၊

ငါ့ နှုတ်ခမ်းတို့ကလည်း

ဝတ်ကျေတန်းကျေ ပြောဆိုမှုသက်သက်ပဲ တတ်ကြရော့ထင်

ငါ့ နားအစုံက မင့်စကားတို့ဆီ တမ်းတ ၊

ငါ့ မျက်ဝန်းတို့က မျက်ရည်စိုတွေနဲ့ မှိုင်းညို့ဖြစ်တော့ …

ငါ့ ဘ၀ ဟာ တကယ့်ကို ကကိုယ်ရေတကာယ ၊

ငါ့ ကမ္ဘာမှာ အရာရာ လွန်မြောက်ပျောက်ဆုံးခဲ့ပေါ့ …

အဲဒီ့မှာ … ငါ့ ချစ်ခြင်းတရားကလည်း

ပြန်ပြီး မဖြစ်တည်တတ်တော့တဲ့ အနေအထားဆီ ရွေ့လျား

ငါ့ ဘ၀ထဲက အရာတို့ကို ဖယ်ရှားခံရသလို …

နှလုံးပြင်မှာ နာကြင်မိလိမ့် …

ငါ့ စိတ်မှာ ဘယ်တော့မှ မေ့မှာ မဟုတ်သလို

ငါ့ နှလုံးသားကလည်း ဘယ်တော့မှ မုန်းနိုင်တော့မှာ မဟုတ်ပါဘူး ။

ငါ ဆိုတဲ့ကောင်က မင့်ကို စပြီးတွေ့တဲ့နေ့ ကတည်းက ချစ်ခဲ့ရတာ

ဒါပေမယ့် …

အခုတော့ …

ငါ့ နှလုံးသားကပဲ ရှိုက်ကြီးတငင် ၊ မင်းတော့ ဒါကို မကြားသိနိုင်ပြီ ။


7th AUGUST 2007

TRANSLATED BY

  • Share/Bookmark

Tags: ,

Your Reply