အသည်းကွဲသူများ နေ့

2009
11.26

ပန်းခြင်းလေးထဲ မိုင်းဗုံး မထည့်ခဲ့ပါဘူး ။

ကမ်းခြေဆီလည်း ကက်ထရီနာ ခွေးလေး

ခေါ်မလာခဲ့ပါဘူး ။

သဲအိမ်လေးလည်း မင်းထားခဲ့တဲ့ အတိုင်းပါပဲ ။

ကြိမ်ဒဏ် ဝေစုရတဲ့

တံခါးမှူးတစ်ယောက်ရဲ့ ဝေဒနာမျိုး နဲ့ပါ

တစ်ခါတစ်ခါ

ကိုယ့် ကိုယ်ကို မေ့လောက်အောင်

မင်းကိုမှ သတိရနေမိတယ် ။

အချစ်ရယ် …

မမေ့အပ်ဘူး ဆိုပေမယ့်

မေ့ပစ်ဖို့ ကောင်းတဲ့နေ့ပါ

ဒီတစ်ခါ

နှင်းများ လှနေပုံကို မသင်္ကာတော့ဘူး ။  ။


သူရနီ

  • Share/Bookmark

Tags:

One Response to “အသည်းကွဲသူများ နေ့”

  1. အဲဒီတံခါးမှုးကို ကျနော်လည်း ကြိမ်ဒဏ်အပိုဆုပေးမယ်ဗျာ…. :)

Your Reply