နံရံမှာ ခေတ္တငေးမှီ
ရေနံချေးတွေ လူးပေနေတဲ့ လရောင်
သူ့ကိုယ်ပေါ်
ငါ့ အမှောင်တွေ ရစ်နှောင်နေလေရဲ့ ။
တစ္ဆေအကြောင်း ပြောတဲ့ည မှ
လေတိုးသံတွေ ပိုကြားနေရ
စောင်လွတ်နေတဲ့ တစ်နမ်းရှိုက်စာ ကျော ဟာ
ကြောင့်ကြမှုတွေ စိုက်ဝင်အေးခဲ
ကြောက်တတ်တာကိုပဲ အရသာခံနေပြန်ရော
ကြောက်စရာတွေ ကုန်အောင်ကြောက်ပစ်
လက်ယဉ်နေတဲ့ ဒုက္ခတွေ
ဝေဒနာကျော်အောင် မပြတ်ရှုမှတ်
ကြောက်တတ်တာမှာ အနိစ္စ ရှိတယ် ။
ငြိမ်းသစ်
Tags: THEIR POEMS
