“ ဖိုးသူတော် ဦးမင်း ဆုံးမစာ ” (ဒင်္ဂါး စကားပုံ)

2009
11.26

သဗ္ဗ ဣစ္ဆံ ပူရေတိ ဧတေနာတိ ဒင်္ဂါး ။   ။

ခပ်သိမ်းသော အလိုဆန္ဒ ရှိသမျှကို ပြည့်စုံ စေတတ်၏ ။

ထိုသို့ ပြည့်စုံစေတတ်သော သတ္တိကြောင့် ထိုအသပြာကို ဒင်္ဂါး ဟု ခေါ်၏ ။


ဒင်္ဂါး ဒင်္ဂါး ။ ယင်းစကားမတော့ ဘင်္ဂလားခေါ် မျက်နှာပွင့်ဆေး၊ သူပါရင် အေးတာမို့ အနုဆေးလို့လည်း

ခေါ်ကြပါရဲ့။ မော်ချင်မော် ၊ ကြွားချင်ကြွား ၊ စားချင်စား ၊ သောက်ချင်သောက် ၊ စိတ်ရောက်သမျှကိုယ်ပါ ၊

လိုရာပြည့်စုံ ၊ လူပုံလည်းချော ၊ အပြောလည်းကောင်း ၊ အရောင်းလည်းတတ် ၊ အမြတ်လည်းပါ ၊ အရာလည်းရ၊

မဒ လည်း များ ၊ စပါးလည်းရှိ ၊ အသိကလည်းလွန်ရိုသေ ၊ မိတ်ဆွေကလည်းအလွန်ချစ် ၊ အပြစ်ရှိသမျှ

ပျောက်လို့ကွယ်၊ အမျိုးအနွယ် ကောင်း မြင့်မြတ် ၊ အရပ်ရပ် လူ နတ် ၊ လူမော် ၊ လူပေါ် လူဆင့်၍ ဒင်္ဂါးမြင်ရင်ဖြင့်

ကြော်ရော့ ၊ တော်တော်မဟုတ် ၊ ဟိတ်ကို ထုတ်ရမှာဖြင့် တရုတ်သော ကုလားသော ဒင်္ဂါးပြရင် ဘာဘူ ၊ နူနူရွဲရွဲ

မဲမဲဖြူဖြူ ၊ အဖေလောက် မက ၊ အဖိုးလောက်ပင် ကျသော်လည်း၊ ဒင်္ဂါးပြရင် ကြည်ဖြူရော့ ၊ ဇဗ္ဗူတွင် အညွှန့် ၊

တွန့်တွန့် တိုတို ၊ ဆိုဆိုဆဲဆဲ ၊ တစ်ရက်မချာ ၊ အသက်သာအောင် ၊ အရက်ပါတွဲဦးတော့ ၊ ခွဲဖို့ပင်မကြံ၊ နှိပ်စက်

သမျှ စိတ်ချလက်ချလို့မို့ အစစခံပါရဲ့။

အမှန်စကား ၊ သူမရှိလျှင် လူက၀ိတောင် ပြားရမယ် ၊ မယားကလည်း မရိုသေ ၊ မိတ်ဆွေကလည်း မျက်နှာလွှဲ ၊

လူမွဲမို့လည်း ဂုဏ်မရှိ ၊ အသိကလည်း မခေါ်ချင် ၊ စိတ်ထင်တိုင်း မပြီး ၊ သား သမီးကိုမှ ဆုံးမလို့ မရ ၊ လူအဖို့

မပြောနိုင် ၊ မောမှိုင်လို့ တခွေခွေ ၊ သည်ငွေ အရှာကြပ်တာမို့ ၊ တစ်မတ်ကို တစ်ဆယ် ထင်မိ ၊ တကယ်ပင်

ခင်ဗျားနှယ် ရှားရန်တော့ မရပါလျှင် ဘယ်ဟာစားရပ ၊ တစ်သပြာ အလကားမှတ်မဲ့ မသုံးချင်ဘူး ၊ ကျုပ်တို့လင်

ရှာနိုင်လို့ မရှားပါတဲ့ ၊ ဟောသည် ဒင်္ဂါး သည် ဒင်္ဂါး ရယ်လို့၊ လက်ဝါးပေါ် တင်ကာ ပြသည့်နှယ် ၊ လောကတွင်

အညွှန့် ထားလို့မို့ ၊ ဒင်္ဂါး ကို တယ်မသုံးကြနှင့် ၊ တစ်သက်လုံး မွဲပြာကျ၍ လူတကာ့ အောက်တလွှားမှာ

ဆင်းရဲသား ဖြစ်တတ်တယ် ၊ တောင်းစား၍ ဒင်္ဂါးမတွယ် ၊ ပိုက်ဆံပျက်က ၀ယ်တတ်ပါတယ် ၊ မော်ရင်ကြွားရင်

ဒင်္ဂါးကုန်မယ် ၊ အသွယ်သွယ် ဘယ်တွင် မမှားအောင်၊ မောင်မင်းကြီး ကိုဒင်္ဂါး စဉ်းစား၍ သုံးတော်မူကြပါ

မိတ်ဆွေ အပေါင်း သူတော်ကောင်းတို့ …။   ။


  • Share/Bookmark

Tags: ,

Your Reply