လူတစ်ယောက် အတွက် ကြီးကျယ်ခမ်းနားသော ကျေးဇူးပြုမှုများ မလိုအပ်ပါ ။
တခါတရံတွင် အသေးအဖွဲ ဂရုစိုက်မှုလေးတွေက
ပိုပြီး စစ်မှန် ပိုပြီး တန်ဖိုးရှိတတ်လေသည် ။
အကောင်းဆုံး တစ်ခုတည်းကိုသာ မျှော်လင့် ရှာဖွေနေမိသောကြောင့်
ဘာကိုမှ မတွေ့ရသူလို ခံစားရလေသည် ။
လူ ဆိုတာ တစ်ခုခုကိုတော့ ရူးသွပ်နေရတာပဲ ။
ရူးသွပ်မှု နဲ့ နေထိုင်ရတာကိုက အဓိပ္ပါယ် ရှိနေတာ ။
အားလုံးဟာ ဘာမှ မဟုတ်ပါဘူးကွာ … လို့
တစ်နေ့မှာ လေးလေးနက်နက် ခံယူသွားမိတဲ့ အခါ ဘာအလုပ်မှ ဖြစ်အောင်
လုပ်လို့ မရတော့ဘူး ။ လူတွေ ကြားထဲမှာလည်း နေလို့ မရတော့ဘူး ။
အောင်မြင်မှု ရသွားတဲ့ နိဂုံးတွေ ဟာ အဓိပ္ပာယ်တွေကို ဖျက်ဆီးပစ်တာပဲ ။
နေ၀င်တဲ့ လမ်းကြောင်းနောက်က တကောက်ကောက် လိုက်ပြီး
ကြည့်နေရင်တော့ ဘယ်တော့မှ နေထွက်တာကို တွေ့ရမှာ မဟုတ်ဘူး ။
ချစ်သူ …
သင် ဟာ ငါ့ ရဲ့ ခိုလှုံရာ ဖြစ်တယ် ။
သင် ဟာ ငါ့ ရဲ့ အလင်း ဖြစ်တယ် ။
သင် ဟာ ငါ့ ရဲ့ ကယ်တင်သော အရှင် ဖြစ်တယ် ။
ဒါပေမယ့် … ချစ်သူ ရယ်
သင် စိတ်ချမ်းသာမယ် ဆိုရင်
… ယာယီ အဖြစ်
ဒီ အချစ် နဲ့ ထားရစ်ချင်လည်း ထားရစ်ခဲ့ပါတော့ …။
Tags: NOTES