ဒီစာစုတွေ အရ မိတ်ဆွေဟာ မင်းခိုက်စိုးစန် ဖြစ်တယ် … (၁)

2009
11.25

ဟောသည်မှာ …

ကျွန်မ ရဲ့ အ၀ါရောင် ဖျော့ဖျော့ မျှော်လင့်ချက်တွေ ရှိတယ် ။

ရွှေသားဆန်တဲ့ မာကြောကြော မိုက်မဲရဲရင့်မှုတွေ ရှိတယ် ။

ချယ်ရီပန်းရနံ့ သင်းနေတဲ့ ကလေးဘ၀ ရဲ့ နာကြည်းချက်တွေ ရှိတယ် ။

ချစ်ခြင်းကို မယုံကြည်တဲ့ လှောင်ရယ်သံ အက်အက် တစ်ခု ရှိတယ် ။

လေပြေထဲမှာ လွင့်မျောနေတဲ့ ခရမ်းရောင်မာနတစ်ခု ရှိတယ် ။

သမုဒ္ဒရာ ခုနစ်စင်း နဲ့ အပြည့် ရွှေငါးကလေးတွေ ထည့်မွေးထားချင်တဲ့

ရူးသွပ်မှု တစ်ခုလည်း အသေအချာ ရှိတယ် ။


မျက်နှာချင်းဆိုင်က လာတဲ့သူတွေကို

ရှောင် …ရှောင်ပေးရတာ

လိုတာထက် ပိုကျဆုံး

အတ္တတွေ ဘုန်းနိမ့်ကုန်ပြီ လို့ ထင်တဲ့ မိန်းမ …။


အာရုဏ်ရောင်ခြည် ဖျဖျ ပျိုးတာတောင်မှ …

ဘ၀ က မနိုးနိုင်သေး။


လူတစ်ယောက် ရဲ့ စရိုက်ဟာ …

သူ့ ကိုယ်ပိုင်အိမ် နယ်နမိတ်ထဲမှာ နေနေတဲ့ အချိန်

အပေါ်လွင်ဆုံးပဲ ။   ။


မျဉ်းကြောင်းတွေ တားမှ စနစ်ကျတယ် မထင်ပါနဲ့ ။

လူ့ဘ၀ ဆိုတာ လက်ရေးလှ ပြိုင်ပွဲ ၀င်ပြိုင်နေတာမှ မဟုတ်တာ ။


ဘယ် ကိစ္စ အတွက် မဆို “တတိယလမ်း” ဆိုတာ ရှိတယ် ။

အဲဒါ ရှင်တို့ ကျွန်မတို့ မမြင်ရတဲ့ လမ်းတစ်ခုခုပဲ ။


မီးလုံးကျွမ်း တစ်ခုပ

ဘ၀ရေ

မင်းကိုငါ ဖြုတ်လဲပစ်ချင်နေလိုက်ပုံများ …။

  • Share/Bookmark

Tags:

Your Reply