ရေမျောကမ်းတင် စိတ်ကူးတွေ ထွက်လာမယ် ။
အလေဏတော အတွေးတွေ ထွက်လာမယ် ။
နိုးနိုးကြားကြား မရှိတဲ့ မြစ်ကျိုးအင်းတွေ ထွက်လာမယ် ။
……………….. ပြီးစ မြွေတွေ ထွက်လာမယ် ။
ပလတ်စတစ် ဆာဂျရီ လမ်းမတွေ ထွက်လာမယ် ။
အလုပ်လက်မဲ့ အဆုတ်တစ်ခု ထွက်လာမယ် ။
ပန်းချီကားထဲက အပြုံးတစ်ခု ထွက်လာမယ် ။
ရင့်ရင့်သီးသီး စီးပိုးတတ်တဲ့ ရေလက်ကြားတစ်ခု ထွက်လာမယ် ။
ဆေးစစ်ခံပြီးစ ချစ်ခြင်းမေတ္တာ ထွက်လာမယ် ။
စိတ်ကောင်းလုံးလုံး မရှိတဲ့ ၀ိုင်ယာကြိုးခွေ တစ်ခွေ ထွက်လာမယ် ။
(သူက လမင်းကြီးကို လက်ဖက်ရည်ဆိုင်လို ထိုင်ပစ်တဲ့ ငနဲလေ)
တိုင်းပြည်ပတ် အရက်သောက်တဲ့ ကလောင်တံ တစ်ချောင်း ထွက်လာမယ် ။
ကဗျာမရေးတဲ့ ကဗျာဆရာတွေ ထွက်လာမယ် ။
သေခြင်းတရား နဲ့ ၀ိုင်အရက်တွေ ထွက်လာမယ် ။
ကီလီမန်ဂျာရိုးတောင်က နှင်းပွင့်လေးတွေ ထွက်လာမယ် ။
ဘာစီလိုနာ တောင်ကြားက မိုးခြိမ်းသံတွေ ထွက်လာမယ် ။
ဒီ အိပ်ရေးပျက် သွေးကြောထဲ
ဒီ အဆိပ်သင့် မြစ်ရေစီးထဲ
ဒီ အပျိုရည်ပျက် လရောင်ထဲ
ဒီ အခွန်ဆောင်ပြီးစ ညကြီးထဲ
ဒီ သွေးကြောရယ်
ဒီ မြစ်ကြီးရယ်
ဒီ လမင်းကြီးရယ်
ဒီ ညကြီးရယ်ထဲ
မျက်လှည့်ဆရာ ရဲ့ သေတ္တာ ထွက်ကျလာ
( မျက်လှည့်ဆရာ ရဲ့ မျက်လုံးထဲကပေါ့ )
မျက်လှည့်ဆရာ သေဆုံးသွား
မျက်လှည့် သေတ္တာကြီးက ကမ္ဘာကြီးလို ကျန်ခဲ့တယ် ။ ။
မောင်ချောနွယ်
Tags: THEIR POEMS
