PHILOSOPHY – I

2009
11.21

မှားယွင်းမှု


မမှားဘူးတဲ့သူ မရှိပါဘူး။ အမှားကင်းဖို့ ဆိုတာလည်း သိပ်တော့ မလွယ်ဘူး ။

အမှားနည်းဖို့ပဲ ကြိုးစားရမှာ ၊ အမှားတစ်ခုကို ထပ်ကာထပ်ကာမလုပ်မိဖို့ပဲ လိုပါတယ်။


သူများမှားလို့ ကိုယ်ခံရတာထက် ကိုယ်မှားလို့ ကိုယ်ခံရတာက ပိုဆိုးပါတယ် ။


ကိုယ့်အပြစ်ကို ရှာပြတဲ့သူကို ကိုယ့် ကျေးဇူးရှင်လို့ သဘောထားပါ ။


ကိုယ်ကသူများကို အပြစ်တင်ရှုံ့ချနေတာဟာ သူဘယ်လိုလူဆိုတာ သိပ်မပေါ်လွင်ဘဲ

ကိုယ်ဘယ်လိုလူပါ ဆိုတာက ပိုပြီး အသေအချာ ပေါ်လွင်တတ်ပါတယ် ။


ကိုယ့်ကိုယ်ကို ပြုပြင်ပြောင်းလဲချင်ရင် ငါ ဘာကို ကြောက်သလဲ ၊ ဘာကို မုန်းသလဲ

ဆိုတာကို အရင်ဆုံး သိအောင် လုပ်ပါ ။


သူများကို ဂုဏ်သိက္ခာ ချပြီးမှ ကိုယ်ကိုယ်တိုင် ဂုဏ်သိက္ခာ တက်ရမယ့် ဘ၀ကို

ရောက်နေပြီလား ။


Seeing throughly ...

သတိ


ကိုယ် ဘာကို ခံစားနေရသလဲ ၊ ကိုယ့် အကြိုက်ဟာ ဘာလဲ ဆိုတာ သိချင်ရင်

တစ်ယောက်ထဲ အချိန်ယူပြီးတော့ ကိုယ့်စိတ်ကို သတိနဲ့ အသေအချာ ကြည့်ရတယ်။


သတိ ဆိုတာ စိတ်အတွက် အိမ်ပါပဲ ။ သတိ မရှိတဲ့လူ ဟာ အိမ်မရှိတဲ့သူ လိုပဲ

ယောင်လည်လည် နဲ့ ဂုဏ်သိက္ခာ မဲ့နေမယ် ၊ စိတ်တွေလည်း ခြေသလုံးအိမ်တိုင်

ဖြစ်နေပါမယ် ။



  • Share/Bookmark

Tags: , ,

Your Reply