2010
02.06

ခရမ်းပြာရောင် ဘီးကလေး လှိမ့်အလာ
ဖြစ်ပျက်ပုံ မြန်ဆန်တယ် ပြောရမလို
ပျက်ဖြစ်ပုံ နှေးကွေးတယ် ပြောရမလို
ပြက္ခဒိန် မကြည့်တာတော့ ကြာပြီ
ကိုယ့် နာမည် ကိုယ် စာလုံးပေါင်းကြည့်
ဗျည်းက ပဲ သရ ´ မတွဲ သင့်သလို
သရ ကပဲ ဗျည်း တွဲရင် ၀ါစင်္ဂ မမှန်သလို
သဒ္ဒါလည်း မကျ
လေးမျဉ်းကြောင်း ဆန်နေတာကပဲ ။ ။

6th FEBRUARY 2010
Tags: POEMS Category POEMS |
2010
02.06

အသံလည်း မကြားရဘူး ။
အမြင်လည်း မရှိရဘူး ။
သတင်း ´ခေတ် ကို တောင် စိတ်ပျက်လာသလိုလို
တမင် ´ တန်ဆာဆင်ထားတဲ့
အိပ်မက်က နိုးထ
မျက်လုံးကို ဖွင့်ကြည့် နားကို စွင့်ကြည့်
တောင်ကျရေ အလျဉ်
စီးဆင်းနေသော မြစ်ချောင်း မှာ
ကလက်စေချင်သော ၀ဲ ´ တစ်ခု အကြောင်း ၊ ၊

6th February 2010
Tags: POEMS Category POEMS |
2010
02.02

လက်တိုလက်တောင်း လက်နှီးအ၀တ်လိုပဲ
ညစ်ထယ်ထယ် ထင်ကြတယ်
လူပြတ်ပြတ် အလုပ်ပြတ်ပြတ်
ချောင်ပိတ်ရိုက်ခံရတဲ့ ခြေလေးချောင်းကောင်လို
စွန့်စားမှု အတိုင်း
ကိုယ့် စိတ် ကိုယ်
ပြုမြဲ ဖြစ်မြဲ
တုံ့ပြန် ဖြစ်တော့လည်း
ဘာဆိုလား ပြတ်တဲ့ မြေခွေးလို့
ပြောချင် ပြောကြသေးရဲ့
ကုဗ စတုရန်းပေတွေ လောက်အထိ
ဆိုတာ …
ထားပါဦးလေ
ကိုယ့် ညရေးညတာ နဲ့
ကိုယ့် အာရုဏ်ဦး ကိုယ်
ကျက်သရေ ဝေဖြာရေး သက်သက်ပဲ
ဂရုစိုက်ရပါဦးမယ် ။

23rd FEBRUARY 2010
Tags: POEMS Category POEMS |
2010
01.31

လပြည့်လကွယ်
ဥပုတ် တနင်္ဂနွေ
စာရင်းထုတ်ပြန်ပြီး ရုံးပိတ်ရက်များ
တစ်နှစ် တစ်နှစ်
တစ်လ တစ်လ
တစ်ပါတ် တစ်ပါတ်
ပြက္ခဒိန် ဆိုတာ ကြည့်ကြည့်ပြီး ….

11:00 PM 31st JANUARY 2010
Tags: POEMS Category POEMS |
2010
01.31

လက်ထဲမှာ
အိပ်မက်ပဲ ရှိတယ်
ခေတ်ရေစီးကြောင်း အကြောင်းလည်း
အခန့်လုပ်ပြီး ထည့်မပြောနေတော့ပါဘူး
အခါအခွင့်သင့်တဲ့ အခါတိုင်း
အခွင့်အခါ မ ´ ဓာတ် ခဲ့
ဘာဆိုလား
မျှော်ရီပြီး အိပ်ရာဝင်သော ညတွေချင်း အတူတူ
နှစ်သိမ့်မှု
နားလည်မှု
ဖြေဖျောက်ရာ
ခိုမှီရာ
အထွေထွေသော ခေါင်းစီး နဲ့
အသက်ကြီးရင် မလွယ်ဘူးနော် လို့
ပြောလား ပြောရဲ့
ကုန်စည်သစ် ကိစ္စ
မိတ်ဆက်တဲ့ ပွဲနေပွဲထိုင်လို
လူအများ စိတ်ဝင်တစား ရှိဖို့ သက်သက် အတွက်
တဖွဲ့ တနွဲ့ လုပ်စရာ
ဇာတ်ကြောင်း မဆန်တာက
ခက်တယ် ။ ။

10:30 PM 31st JANUARY 2010
Tags: POEMS Category POEMS |
2010
01.26
စပ်မိစပ်ရာ ပြောဖြစ်ကြခိုက်
သတ်သတ် သံစဉ်
သတ်သတ် ဆိုညည်းမှု
သဲ့သဲ့ …
တိုးလျညှင်းသွဲ့လာ …
အကြား ၊ အမြင် ၊ အတွေ့ ၊ အသိ
အဖုံဖုံသော အလုံးစုံမှာ
ဒီနေ့ကို ဒီနေ့ ဖြစ်ကြောင်း ကြေငြာရ
ပြန်မလာပါနဲ့ကွယ်
ပြန်မလာနဲ့ …
သာမန် ရက်တစ်ရက်
အတူရှိသော ၊ မိုးည ၊ လှေကားထစ်တချို့
အဖုံဖုံသော အလုံးစုံကို
အသားတကျ မေ့ခဲ့ပြီ ။ ။

23rd JANUARY 2010
Tags: POEMS Category POEMS |
2010
01.25

၁၆၈ နာရီ အတွင်း
၁ နာရီ ပဲ
စိတ်ကူးတွေ ဘာတွေ ယဉ်
ရုန်းရုန်းကန်ကန် ဥပဒေသ က
လူဖြစ်ရခြင်း အပေါ်
ပြဌာန်းလား ပြဌာန်းရဲ့
အစပ်အဟပ် တည့်အောင်
စီမံထားသော မနက်စာ ပါ တဲ့
အမေကတော့ ပြောပါတယ် ။
ကိုယ့်လက် ကိုယ့်ခြေ
ကိုယ့်ဝင်း ကိုယ့်ခြံ
တွေးစိတ် အရ သာ
မြိန်မြိန်ဆိမ်ဆိမ် ခံတွင်းမလိုက်မိခဲ့
သူတို့ သူတို့
ခိုးခိုးခစ်ခစ်တွေထဲ
အမေ့သားလည်း ပါလိုက်ချင်တာလေ …
ဘာရယ်တော့ မဟုတ်ပါဘူး ။
ဆင်ခြင်တုံတရား အကြောင်း
ထူးထူးပပ မဖွဲ့နွဲ့ဖြစ်တဲ့
ဒီနေ့မှာ
ကျရာ ပေါက်ရာ စကားစပ်မိသလို
ပြောဖြစ်တဲ့ အခိုက်အတန့် မျှ …။

25th JANUARY 2010
Tags: POEMS Category POEMS |
2010
01.25

ကိုယ့် ဒုက္ခ ကိုယ် ရှာခဲ့တဲ့ လမ်း
ရနံ့က လေညှင်းကို မရှောင်နိုင်တာလား
လေညှင်းက ရနံ့ကို မရှောင်နိုင်တာလား
တကယ်ဆို အချစ်မှာ အပြစ်မရှိပါဘူး ။
ဒဏ်ရာ အနာတရတွေ နဲ့
စည်းအပြင်ရောက်နေတာကလွဲလို့
ကဗျာဆရာ ဆိုတာလည်း လူ ပဲ
ဒုက္ခ နဲ့ တစ်ခါတွေ့တိုင်း
မိန်းမတစ်ယောက် ရဲ့ ရင်ခွင်ထဲ
တိုးဝှေ့ငိုရှိုက်ပစ်လိုက်ချင်တာပေါ့ …
မပိုပါဘူး
ဒီ့ထက် မပိုပါဘူး
မလိုပါဘူး
ရမ္မက်တွေလည်း မလိုပါဘူး
ဆိတ်ကွယ်ရာ အမှောင်ထဲ
ကမ္ဘာပေါ်မှာ
ဘယ်သူမှ မပြောဘူးသေးတဲ့
စကားတစ်ခွန်း နဲ့
မင်း ရဲ့ အသံလေးကိုပဲ
ပြစ်မှားမိခဲ့တဲ့ ငါ
တကယ်ဆို
အချစ်မှာ အပြစ်မရှိပါဘူး ။

ရိုးဒီ
23rd APRIL 2008
Tags: THEIR POEMS Category THEIR POEMS |
2010
01.25

ထီးတစ်လက် အတွက်
ထီးတစ်လက်က
တာဝန်မယူနိုင်တဲ့ ခရီး
ခြေရာတွေသာ အထပ်ထပ်
အဆွေးဆွေး
အငြိမ့်သမတစ်ယောက်လို
မီးရောင်အောက်မှာ ရွာတဲ့မိုး
အလွမ်းစက်လက်
လျှပ်စီးခေါ်ရာ
တစိမ့်စိမ့် ၀ိဥာဉ်
စနေသား နဲ့ စနေမိုးလို
မျောနေဆဲ
အိပ်ခန်းထဲက ၀တ္ထု
ဇာတ်ကောင်ကိုယ်စား ငိုမိတယ်

ရိုးဒီ
Fashion Magazine JULY 2009
Tags: THEIR POEMS Category THEIR POEMS |
2010
01.17
သီချင်းနားထောင်စက်လေး ဖွင့်ကြည့်တယ်
ခေတ်ပေါ် ခေတ်ပေါ်
ပခုံးမှာ … ခါးမှာ … တော့
လက်နက်ချထားသော ပြည်ထောင်စုသားစိတ်
လွယ်လွယ်လေး မြူးပျရတာပါပဲလေ
မနက်ခင်း လမ်းလျှောက်ထွက်သော
ဓလေ့ထုံးတမ်းတို့ အကြားမှာသာ
မရောင့်ရဲနိုင်သေးမှုအရ
မိရိုးဖလာ ပြန်လာစရာ
အိမ်လေး ယာလေး လိုတပ်မက်မိခဲ့
စားကျက်ဆီ သွားချိန်
ဂူလေးမှာ နားမှီချိန်
ကမ္ဘာဦးခေတ်က ယဉ်ကျေးမှုလို
သူ့ အချိန် နဲ့ သူ
ကျွန်တော့် နေ့ … ခင်းဗျားရက်
နေ့တဓူဝချင်းတော့ တူချင်မှ တူလိမ့်မယ်
ငယ်စရိုက်ဆိုတာက ဒီလိုပဲ မဟုတ်လား ။ ။

17th JANUARY 2010
Tags: MEMO, POEMS Category POEMS |